ဒီမိုကရက်တစ်ပါတီ(Democratic)
အမေရိကန်ပြည်ထောင်စုတွင် အလဲအလှယ်နှင့် အာဏာယူလျက်ရှိသော အဓိကပါတီကြီးနှစ်ခုမှာ ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဗလီကင်ပါတီဖြစ်သည်။ ဒီမိုကရက်တစ်ပါတီသည် ၁၇၈၇ တွင် ပြည်ထောင်စုဝါဒီများကို ဆန့်ကျင်လျက် အတိုက်အခံပါတီအဖြစ် စတင်ပေါ်ပေါက်ခဲ့သည်။ပြည်ထောင်စုအစိုးရ၏ အာဏာများကို ထိန်းချုပ်ကန့်သတ်ရန် ရည်ရွယ်ချက်ထားရှိခဲ့သည်။မူလနာကည်မှာ “ဒီမိုကရက်တစ် ရီပတ်ဗလီကင်”ပါတီ၊သို့မဟုပ်”ရီပတ်ဗလီကင်ပါတီ”ဟူ၍ဖြစ်သည်။ နောင်သောအခါတွင်မှ မူလ ရီပတ်ဗလီကင်ပါတီကွဲသွားရာ ခွဲထွက်သူများက ရီပတ်ဗလီကင်ပါတီဟူသော အမည်ကိုဆက်လက်သုံးစွဲလျက် ကျန်နေခဲ့သူများက ဒီမိုကရက်တစ်ပါတီဟု သတ်မှတ်ခေါ်တွင်စေခဲ့သည်။ရီပတ်ဗလီကင်အမည်ကို ဆက် လက်သုံးစွဲ၍ ခွဲထွက်ကြသူများမှာ ဗဟိုအစိုးရက အခွန်အကောက်နှုန်းမြင့်မြင့်မားမား ကောက်ခံသင့်သည်ဟုယူဆကြသူများဖြစ်သည်။ မကွဲမီ ရီပတ်ဗလီကင်ပါတီ၏ခေါင်းဆောင်မှာ သောမတ်ဂျက်ဖာဆင်ဖြစ်ပြီး ၁၈၀၁ မှ ၁၈၀၉ အထိ သမ္မတဖြစ်ခဲ့သည်။၁၈၁၇ မှ ၁၈၂၅ အထိကို”ညီညွတ်ရေးစိတ် ထားကာလ”ဟု သတ်မှတ်ခဲ့ကြရာ အမည်ညံယူကြသောအုပ်စု၏ ခေါင်းဆောင်မှာ အင် ဒရူးဂျက်ဆင်(၁၈၂၉-၃၇ သမ္မတ)ဖြစ်သည်။ မျက်မှောက်ခေတ် ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဗလီကင်ပါတီတို့မှာ နိုင်ငံရေး သဘောတရား အခြေခံအားဖြင့် ကြီးမားစွာကွဲပြားခြားနားမှုမရှိ။နှစ်ခုစလုံးသည် အရင်းရှင် ပါတီများပင်ဖြစ်ကြသည်။ဒီမိုကရက်တစ်ပါတီက စီးပွါးရေးလုပ်ငန်းများ၊လူမူရေးလုပ်ငန်း များတွင် အစိုးရ၏ ဝင်ရောက်စွက်ဖက်မှုကိုလျှော့ချလိုပြီး ရီပတ်ဗလီကင်ပါတီက အစိုးရ ၏အခန်းကဏ္ဍပိုမို၍ ကျယ်ပြန့်စွာ တိုးချဲ့လိုခြင်း၌သာ ကွဲပြားမှုရှိသည်။ |