သံဃာတော်တို့ရဲ့သွေး မြေခခဲ့ရတဲ့ စက်တင်ဘာ

“ကြခတ်ရုံထဲကသားသတ်သမား”
တောမီးလောင်တော့ တောကြောင်တွေလက်ခမောင်းခတ်သတဲ့
ပြည်ဝှန်းမီးလောင်တော့ ဘုန်းကြောင်တွေစားပေါက်ထွင်သတဲ့
သူမို့လို့ ပြည်သူ့ဆွမ်းစားပြီး ပြည်သူကမွေးတဲ့ သားတွေကို သတ်ရမယ်တဲ့
သိတက်ရင်ကိုယ့်ဝမ်းမှာ ဘယ်သူ့ဆွမ်းကပိုများသလဲ ငုံ့ကြည့်သင့်တယ်
သခင်အလိုကြအောင် ကျယ်ကျယ်လောင်လောင် ဟောင်နိုင်မှခွေးစစ်မှာလား
ယမမင်းဗျူဟာတွေနဲ့ ပွဲလန့်တုန်းဖျာခင်း အာဏာရှင်အကြိုက် ဈေးကွက်ထွင် လိုက်တာလာ။
ကြခတ်ဝါးရုံလေးတစ်ရုံ စိုပြေရေးအတွက် သူမို့လို့ ဇာတ်တူသား စားကောင်းသတဲ့
ပေါက်ဆိန်နဲ့ခုတ် လွှနဲ့ဖြတ်ရမယ်တဲ့
ငါးစိမ်းသည်သြဝါဒတွေနဲ့ သူမို့လို့ သားသတ်လိုင်စင်ထုပ်ပေးရက်တယ်
အိုကြီးအိုမှ ဒီအရွယ်ကြီးကျမှ သတ်တာဖြတ်တာဝါသနာပါတုံးလား
သင့်ကြောင့် နွားတွေချိုတရမ်းရမ်းနဲ့ အရူးတွေ သေနတ်တကားကားနဲ့
မိတစ်ကွဲဖတစ်ကွဲ ကလေးတွေနဲ့
ငမိုးရိပ်ချောင်းမှာ အမျှောခံရတဲ့ အလောင်းတွေနဲ့
အသက်တစ်ချောင်း ဆုံးရှူံးရတိုင်း သင့်မှာတာဝန်ရှိတယ်
ပြည်သူ့မျက်ရည်တစ်စက်ကျတိုင်း သင့်ရဲ့ပယောဂပါတယ်
သင့်ကြောင့် အကျိုးတစ်ဝက်အကန်းတစ်ပိုင်း တစာစာအော်နေရတဲ့
နာကျင်သံတွေကို ဘယ်လိုသမိုင်းနဲ့ သင်ဆေးကြောမလဲ
သာသနာမှာသင့်ကိုအားကျအတုယူဖို့ထက်
သင့်ကို စက်ဆုတ်ရွံရှာဖို့ မှတ်တမ်းတွေ ချန်ထားခဲ့လိမ့်မယ်
သမိုင်းမှာ သင့်ကို သားသတ်သမားသြဝါဒပိုင်ရှင်လို့
နောင်မျိုးဆက်တွေ သမုတ်ကြတော့မယ်
သင်ဆိုခဲ့သောစကားအတိုင်း
တစ်နေ့ အရူးတွေက သင့်ကိုတရားခံရှာတော့မယ်
လေဆန်သို့ ပစ်လွင့်သော ပြာမှုန်သည် ပစ်သူထံသို့ ပြန်ကျရောက်၏
ဒေသနာတော် လာသည့်အတိုင်း
အပြစ်နှင့်ညီမျှသော ဆုလာဘ်ကိုသာ သင်ပိုင်ဆိုင်ရလိမ့်မယ်
တကိုယ်ရေအထီးကျန်မှုကလွဲပြီး
ကမ္ဘာလောကကြီးမှ သင်ဘာမှထပ်ပြီးမရနိုင်တော့ပါ။ |