[ထင်ရှားကျော်ကြားသော ဆရာတော်ကြီးများ၏ သြ၀ါဒတော်များ]
အများအကျိုး၊ ရွက်သည်ပိုးက၊
ခနိုးခနဲ့၊ဆိုကဲ့ရဲ့လည်း၊
မငဲ့မစောင်း၊ကိုယ့်လမ်းကြောင်းကို၊
စိတ်ကောင်းနှင့်ယှဉ်၊ရှေးရှုနှင်လော့။
စစ်ကိုင်းရွှေဟင်္သာဆရာတော်ကြီး
ကိုယ်တည်းတစ်ယောက်၊ချမ်းသာရောက်ဖို့၊
ခုလောက် ကြိုးကုတ်အားထုတ်ဘူး၊
ဗုဒ္ဓြမတ်စွာ၊သာသနာ၏ ရှေးခါဘိုးဘ၊
လက်ထက်ကလျှင်၊ရသည်တန်ခိုး၊
ထပ်မညှိုးဘို့၊အားကြိုးမာန်တက် ပါဆောင်ရွက်သည်
ဆက်လက်တည်တံ့ရုံသာတည်း။
အရှင်ဇနာကာဘိဝံသ၊တောင်မြို့ဆရာတော်
မကောင်းတာမှန်သမျှ မလုပ်နဲ့၊
ကောင်းတာမှန်သမျှလုပ်၊
စိတ်ကိုစင်စင်ကြယ်ကြယ်ထားပါ၊
အေးအေးထားပါ။
ကမ္ဘာ့သာသနာပြုဆရာတော်
မလုပ်မပြော လုပ်မှပြော သဘောထင်လှစေ၊
အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့မလွတ်ချေ။
မင်းကွန်းတိဋကဆရာတော်ကြီး