|
|
 |
အကြွင်းမဲ့အာဏာပိုင်စနစ်(absolism)
အကြွင်းမဲ့အာဏာပိုင်အစိုးရစနစ် အနေဖြင့် အုပ်ချုပ်ရမည်ဆိုသော မူဝါဒဖြစ်သည်။ အုပ်ချုပ်သူအစိုးရအနေဖြင့် ဆောင်ရွက်သမျှကိစ္စများသည် တရားဝင်သည်ဆိုသည့် အယူအဆဖြစ်ပြီး အစိုးရ၏ဆောင်ရွက်ချက်များအား အကန့်အသက်မရှိ ခွင့်ပြုထားခြင်းဖြစ်သည်။အုပ်ချုပ်ခံရသူများအနေဖြစ် အုပ်ချုပ်ရေးအာဏာခွင်အတွင်း ကိုယ်စားလှယ် လုံးဝစေလွှတ်ခွင့်မရှိ။ အုပ်ချုပ်ရေးအာဏာလုပ်ငန်းနှင့်စပ်လျဉ်း၍ ဆန္ဒသဘောထား လုံးဝပေးပိုင်ခွင့် မရှိ။အုပ်ချုပ်ရေးယန္တရားအတွင်း အုပ်ချုပ်ခံရသူများသည် လုံးဝဥဿုံ သက် ဆိုင်ပတ်သက်ခွင့် မရှိသော မူဝါဒဖြစ်သည်။ အကြွင်းမဲ့ အာဏာပိုင်စနစ်သည်(၁၇)ရာစုတွင်ထင်ရှားခဲ့သော နိုင်ငံရေး အယူအဆ တစ်ခုဖြစ်သည်။တွေးခေါ်ပညာရှင် ဘိုးဒင်း(Bodin 1530-96)နှင့် ဟော့ဘ်(Hobbes)တို့သည် ထိုအယူအဆနှင့် ပတ်သပ်၍ ထင်ရှားသူများသည်။ |
|
 |
|
|
|
|