၃။ဗျူရိုကရေစီ

ဗျူရိုကရေစီ(Bureaucracy) 

    ပြင်သစ်စကား ‘ဗျူရိုနှင့်’ နှင့် ဂရိစကား ‘ကရာတိန်’ တို့ကို ပေါင်းထားခြင်း ဖြစ်၏။အဓိပ္ပါယ်မှာ အုပ်ချုပ်စိုးမိုးခြင်းဟုဆောင်၏။ယခုသော်ကား ထိုဝေါဟာရကို ထိုဝေါဟာရကို’ရာထူးကြီး ပုဂ္ဂိုလ်များ လက်ဝါးကြီးအုပ်မူစနစ်’ ဟု ပြောလိုသောအခါ အသုံးပြု၏။ထိုသို့ အုပ်ချုပ်လွှမ်းမိုးလိုသူ အရာရှိကြီးများကိုလည်း ဗျူရိုကရက်ဟုခေါ်၏။ ဗျူရိုကရေစီ၏ ယေဘုယျအကျဆုံးအဓပ္ပါယ်မှာ အဖွဲ့အစည်း၏လုပ်ငန်းတာဝန်များ ကို လက်တွေ့ကျကျ ထိရောက်အောင်မြင်စွာထမ်းဆောင်နိုင်စေရန်အတွက် လုပ်ဆောင် ရမည့်နည်းလမ်းဟု ဆိုနိုင်ပေသည်။တနည်းအားဖြင့် စီမံခန့်ခွဲအုပ်ချုပ်ရေးရုံးများက လွှမ်း မိုးအုပ်ချုပ်ခြင်းကိုဆိုသည်။ဥပဒေရှုထောင့်ကကြည့်မည်ဆိုပါက ဗျူရိုကရေစီတွင် အုပ်ချုပ် ရေးဆိုင်ရာကိစ္စရပ်များ၌ အမိန့်ပေးသူနှင့် လိုက်နာရမည့်သူများအကြားတွင် လက်တွေ့ ကျင့်သုံးနိုင်သည့် သြဇာအာဏာများ ပေးအပ်ထားခြင်းပင်ဖြစ်သည်။ ဗျူရိုကရေစီအယူအဆသဘောတရားများကို ဖေါ်ထုပ်ခဲ့ရာတွင် ပညာရှင် Weber သည်အဓိကပုဂ္ဂိုလ်ဖြစ်ပြီး ၄င်း၏ခွဲခြမ်းစိတ်ဖြာလေ့လာမှုဖြင့် ကြောင်းကျိုး ဆက်စပ်မှုရှိသော သုတေသနပြုချက်နှင့် အယူအဆသဘောတရားများ ဖေါ်ထုပ် ခဲ့ခြင်းဖြစ်သည်။ဗျူရိုကရစီ၏ စရိုက်လက္ခဏာကို Weber သက်မှက်ဖော်ပြရာတွင် အရေးကြီးသည့်အဓိကအချက်မှာ အဖွဲ့အစည်းတစ်ခုအတွင်းရှိ ရုံးလုပ်ငန်းများကို ကိုင်တွယ်ထန်းသိမ်းရသူများသည် အမိန့်ပေးအမိန့်နာခံမှုနှင့်ပတ်သက်၍ ရှင်းလင်း ပြက်သားသော လုပ်ပိုင်ခွင့်အာဏာများကို အဆင့်အလိုက်ခွဲခြားထားရှိခြင်းဖြစ်သည် ဟုဆိုသည်။ Weber ၏ အမြင်တွင် ဗျူရိုကရေစီသည် ခေတ်သစ်ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက် မှုအတွက် လိုအပ်ချက်တရပ်ဖြစ်သည်ဟုဆိုသည်။လူမူဘဝအသွင်အပြင်နယ်ပယ်အား ဓလေ့ထုံးစံများအပေါ်တွင်အခြေခံပြီး လိုက်နာကျင့်သုံး၍ တိုးတက်ခဲ့ရသော အခြေအနေ မျိုးဆီမှ ဥပဒေနှင့် ချိတ်ဆက်၊စပ်လုပ်ဆောင်၍ တိုးတက်သောအခြအနေမျိုးဆီသို့ ရှေ့ရှုရန်လိုအပ်သည်ဟု ဆိုခဲ့သည်။

 
တို့မေတ္တာစွမ်းကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ
 
ဗိုလ်ချုပ်အောင်ဆန်း
 
ဗိုလ်ချုပ်၏မိန့်ခွန်း
 
ဒေါ်အောင်ဆန်းစုကြည်
 
ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း
 
 
This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free